သတင်းနှင့်နည်းပညာများ

7/26/14

မစ် globe myanmar ဂျူးစံသာ အနေနဲ့ သူမရဲ့နေရှင်နယ်ဒါရိုက်တာ မလှနုထွန်း ဖေ့ဘုတ်မှာတင်ထားတဲ့ အချက်အလက်တွေချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ ယနေ့ park royal မှာကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲ


မစ် globe myanmar ဂျူးစံသာ အနေနဲ့ သူမရဲ့နေရှင်နယ်ဒါရိုက်တာ မလှနုထွန်း ဖေ့ဘုတ်မှာတင်ထားတဲ့ အချက်အလက်တွေချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ ယနေ့ park royal မှာကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာပြောပါတယ်။
သူမအနေနဲ့ နေရှင်နယ်ဒါရိုက်တာမလှနုထွန်းဖေ့ဘုတ်မှာပြောထားသလို တခြား အဖွဲ့အစည်းနဲ့ပတ်သက်တယ်ဆိုရာမှာလည်း မလှနုထွန်းကို အသိပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။
ဂျူးစံသာရဲ့မိခင်ကလည်း မလှနုထွန်းကစာချု ပ်တခုပေးလာကြောင်း| သုံးနှစ်စာချု ပ်ဖြစ်ကြောင်း| ရှေ့နေနဲ့တိုင်ပင်ဖို့ သုံးလေးရက်အချိန်ပေးဖို့ တောင်းဆိုမှုကိုမစောင့်ဘဲ ယခုလိုဖေ့ဘုတ်ကနေ ကြေညာခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
` မစ်မြန်မာတွေ အကုန်လုံး တစ်နှစ်ပဲစာချုပ်ချုပ်ကြ တာပါ။ သုံးနှစ်ဆိုတဲ့ကာလ ကိုဘယ်သူမှ မချုပ်ကြပါဘူး။မေမြတ်နိုးတောင်သုံးနှစ်စာချုပ်ကိုလက်မှတ်မထိုးသေးပါဘူး။အခု တီချယ်လှနုထွန်း ဖေ့ဘုတ်မှာတင်လိုက်တဲ့ Crown သိမ်းတယ်ဆိုတဲ့ အောက်မှာ ထင်မြင်ချက်ဆိုးဆိုးရွားရွားတွေတွေ့လို့ ဒီရှင်းလင်းပွဲ နေ့ချင်းညချင်းလုပ်လိုက်တာပါ ။´ လို့ ဂျူးစံသာက ရှင်းပြပါတယ်။
ဂျူးစံသာကို မစ်globe myanmar အဖြစ်မှ အချက်သုံးချက်ဖောက်ဖျက်မှုနဲ့ ပယ်ဖျက်ကြောင်းမလှနုထွန်းက သူမ ဖေ့ဘုတ်မှာတင်ခဲ့ပါတယ်။
အချက်သုံးချက်ထဲမှာ တခြားorganization နဲ့ ဆက်သွယ်မှု| ဖေ့ဘုတ်ကနေဂျူးစံသာရဲ့တုန့်ပြန်မှု စကားလုံး | စာချုပ် ကိစ္စ ဆွေးနွေးဖို့ ပျက်ကွက်တာ စတဲ့အချက်တွေပါဝင်ပါတယ် ။
ဂျူးစံသာ အနေနဲ့ miss globe ပြိုင်ပွဲ ဝင်ဖို့ ဆယ်ရက်ခန့်သာ အချိန်ကျန်ရှိပြီး ယခုဖြစ်စဉ်အတွက် ညှိနှိုင်းလိုကြောင်း | စာချု ပ်ကိုလည်းပြန်လည်ညှိနှိုင်းပြီးမှ လက်မှတ်ထိုးလိုကြောင်း| ပြိုင်ပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်လို ကြောင်း ပြောပါတယ်။
ဖေ့ဘုတ်ကနေ သူမကို crown သိမ်းကြောင်း ကြေညာပေမယ့် မလှနုထွန်းဆီက တရားဝင်အကြောင်းကြားစာ မရောက်သေးလို့ ညှိနှိုင်းဖို့ ဆက်လက်ကြိုး စားမယ်လို့ လည်းဂျူးစံသာကဆိုပါတယ်။
တခြားorganization နဲ့ပတ်သက်တယ်ဆိုရာမှာလည်း ခင်ဝင့်ဝါနဲ့ ထားထက်ထက်ကိုမွေး ထုတ်ပေးခဲ့တဲ့ miss golden land myanmar အဖွဲ့အစည်းရဲ့ အကူအညီရယူခဲ့ခြင်းသာဖြစ်ပြီး မလှနုထွန်းကိုအကြောင်း ကြားခဲ့တယ်လို့သိရပါတယ်။
မလှနုထွန်းက ` ကျွန်မမေမြတ်နိုးကိစ္စ နဲ့ ကိုရီးယားသွားနေတုန်း တခြား organization နဲ့မဆက်သွယ်ဖို့မှာခဲ့ ပေမယ့် တခြား organization ကို အကူအညီတောင်းခံခဲ့ ကြောင်း| မက်ဆေ့ ဖြင့် လှနုဘာမှမလုပ်ပေးခဲ့ ဘူးလို့ ပြောဆိုခဲ့ကြောင်း | စာချုပ်အတွက်ယနေ့ လာရောက်ဆက်သွယ်ဖို့ ပြောပေမယ့် တခြား organization ရဲ့ ကိစ္စ အတွက်သွားရောက်ဖို့ ဦးစားပေး ရွေးချယ်ခဲ့ခြင်း စတာတွေကြောင့် ဂျူးစံသာကို မစ် globe myanmar အဖြစ်မှရပ်စဲလိုက်ပြီလို့ အသိပေးတာပါ ´ လို့ ဇူလိုင်၂၄ ရက်ညက ဖေ့ဘုတ်မှာတင်ခဲ့တာဖြစ်ပါတယ်။
ဂျူးစံသာက သူမအနေနဲ့ မလှနုထွန်းကိုရီးယားသွားနေစဉ် miss golden myanmar မှ ကိုဟန်ဇော်လတ်တို့ထံအကူညီတောင်းခဲ့ ကြောင်း| မလှနုထွန်းကို လည်း တီချယ်အရမ်းလွန်တယ် ဘာမှမလုပ်ပေးခဲ့ပဲနဲ့ ဆိုတဲ့စကားပြောခဲ့မိ ကြောင်း ထိုစကားအတွက်လည်းသူမပြန်လည်တောင်းပန်ခဲ့ ကြောင်း |စာချုပ်ကိစ္စ ကလည်း သေချာဖတ်ဖို့နားလည်သူနဲ့တိုင်ပင်ဖို့ ရက်တိုးတောင်းခဲ့တာသာဖြစ်ကြောင်း ရှင်းပြပါတယ်။
ဂျူးစံသာဟာ မတ်လအတွင်းက မစ် globe myanmar အဖြစ်ရွေး ချယ်ခံခဲ့ရတာဖြစ်ပါတယ်။
Author ရဲလင်းလင်းသန်း
photo ကိုမျိုးခိုင်


Kumudra

No comments:

Post a Comment

Note: Only a member of this blog may post a comment.