-----------------
ရန်ကုန်-မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သတ်မှတ်ထားတဲ့နေရာကို အချိန်နည်းနည်းနောက်ကျပြီးမှ ရောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူရှေ့သူရှေ့မှာ ရိုက်တာပါ။ ကြီးတဲ့သူတစ်ယောက်ကို ငယ်တဲ့သူက (အသက်အရွယ်) ရာထူး အရှိန်အ၀ါကြောင့် ပါးရိုက်တယ်ဆိုတာလူကြားလို့တောင
စက်တင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုရန်သတ်မှတ်ထားသည့်နေရာအာ
“ဆေးရုံကစစ်ဆေးချက်အရ သာမန်ဒဏ်ရာလို့ ဆေးစာထုတ် ပြန်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းအရေးယူလို့ မရသေးပါဘူး။ တရားလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဘက်က ရပ်တည်ပြီး အမှုကို တရားရုံးကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ယင်းဖြစ်စဉ်ကို ခရိုင်အဆင့် အထက်အရာရှိများထံသို့ သတင်း ပေးပို့ထားပြီး ပြစ်မှုပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့်ကာ တရားရုံးသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို
From - https://www.facebook.com/7daynews
No comments:
Post a Comment
Note: Only a member of this blog may post a comment.