သတင်းနှင့်နည်းပညာများ

10/2/13

ကျောက်ဖြူ မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ဆယ်ဦးအား ထောင်ဒဏ် သုံးလစီချမှတ်

ကျောက်ဖြူ မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ဆယ်ဦးအား ထောင်ဒဏ် သုံးလစီချမှတ်
=======================

ကျောက်ဖြူ ၊ ၂၆ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ စစ်တွေ ]

ဧပြီလ ၁၈ ရက်နေ့က ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ် ကုမ္ပဏီ CNCP ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်ခဲ့သည် ဟု စွပ်စွဲခြင်းခံရသူ (၁၀) ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် သုံးလစီချမှတ်လိုက်ရာ လူပေါင်း ၃၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးပြီး ထောင်ဒဏ်ချခြင်းခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည် ဟု ဆိုသည်။

“အခြေအနေမှာ တင်းမာနေတုံးပဲ” ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်စောသိန်းက ပြောကြားသည်။

ထောင်ဒဏ်ချမှတ်ခြင်းခံရသူ ဆယ်ဦးအား ကျောက်ဖြူထောင်သို့ ခေါ်ယူသယ်ဆောင်သွားပြီးဖြစ်သည် ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်သည်ဟု စွပ်စွဲခြင်းခံရသူ ကိုးဦးကို ထောင်ဒဏ်သုံးလစီ မကြာသေးခင်က တစ်ပြေးညီချမှတ်ပြီးဖြစ်သည်။ သံတွဲမြို့မှ တစ်ဦးကို မူ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု သုံးခါပြုခဲ့သည့်အတွက် ကိုးလချမှတ်ခြင်းခံထားရသည်။

စစ်တွေမြို့မှ ဦးကျော်ဇောဦး နှင့် ဒေါ်ညိုအေးတို့မှာ ပုဒ်မ-၁၈ ဖြင့် တရားရုံး၏ စစ်ဆေးကြားနာခြင်းကို ခံယူနေရဆဲဖြစ်သည်။

==========================

No comments:

Post a Comment

Note: Only a member of this blog may post a comment.