သတင်းနှင့်နည်းပညာများ

10/3/13

သံတွဲတွင် ဖမ်းဆီးခံရသူ များပြား ( နိရဉ္စရာ- ၃ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာနှင့် မောင်အေး


ပည်နယ် သံတွဲမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင် ပတ်သက်သူများဟု သံသယ ရှိသူများကို လိုက်လံ ဖမ်းဆီးနေရာ ယခုအခါ ဖမ်းဆီးခံရသူများမှာ ဆယ်ဂဏန်း နီးပါးရှိသွားပြီဟု သိရသည်။
ယမန်နေ့ ညနေ ၁၀ နာရီ ၄၅ မိနစ်တွင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးမောင်ပုနှင့် နောက်ထပ် လူ (၅) ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခြင်းမှာ မှန်ကန်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုး က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ကျွန်တော်တို့ RNDP ဥက္ကဌ ဦးမောင်ပုကို ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းတယ်။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် သုံးယောက်လောက်လည်း အဖမ်းခံရတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူများမှာ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခ) ဦးစောလိုင်၊ သံတွဲမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအသင်းမှ ဦးသိန်းဝင်းနှင့် ဦးသိန်းဇံနှင့် အခြား အဖမ်းခံရသူများမှာ  ကိုကျော်ကျော်၊ ကိုမြင့်မိုးအောင်၊ ကိုဝင်းကိုလေးတို့ ဖြစ်သည်။
ယခု ဖမ်းဆီးခြင်းသည် အခြေအမြစ် မရှိဘဲ ဖမ်းဆီးခြင်းသာ ဖြစ်သည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
“ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဌာနဆိုင်ရာတွေကို ဖုန်းဆက်ကြည့်ပါတယ်။ အထူးသဖြင့် ခရိုင်အုပ်ချုပ် ရေးမှူးကို ဖုန်းဆက်တဲ့အခါ သူမသိလို့ ဖြေပါတယ်။ နောက်ပြီးတော့ သံတွဲမြို့နယ်မှူးဆီကို ဖုန်းဆက်တဲ့ အခါမှာ သူ့ဆိကို မရောက်သေးဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ဟာ အကြောင်းပြချက်မရှိဘဲ ဖမ်းတယ် လို့ ကျွန်တော်တို့က မြင်ပါတယ်။ သံတွဲမှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့က အခိုင်အမာ အထောက်အ ထားမရှိဘဲ ထင်မြင်ချက်နဲ့ဖမ်းတာဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးသူများကို တွေ့ဆုံနိုင်ရန်အတွက် သံတွဲမြို့ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူ များက သံတွဲ ရဲစခန်းကိုသွားပြီး တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မပေးသဖြင့် ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင် ထားသည်ကို ယခုအချိန်ထိ မသိရသေးဟု သူက ဆက်ပြောသည်။
သူတို့ ၆ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ပြောသည်။
“ သူတို့ကိုဖမ်းတဲ့အကြောင်းကို ကျွန်တော်သိရတာက မနေ့က ည ၁၁ နာရီခန့်မှာ သိရပါတယ်။ ကျွန်တော် တို့ မြို့နယ်ဥက္ကဌအပါအ၀င် အားလုံး ၆ ဦးပါ။ သူတို့ကို အခု ရဲအချုပ်မှာရှိတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ တော့မသိရသေးဘူး”  ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်  ဦးဆောင်ပါဝင်သည်ဟု သံသယရှိသူများကို လိုက်လံဖမ်းဆီးနေရာ ဖမ်းဆီးခံရသူ အများစုမှာ  ရခိုင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။
သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်-မူဆလင် ပဋိပက္ခတွင် ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ပျောက်ဆုံးနေသူတစ်ဦး ရှိကြောင်း သိရသည်။
သံတွဲမြို့ ပဋိပက္ခ စတင် ဖြစ်ပွားရာတွင် ပါဝင်သူ ကမန် အမျိုးသား ဦးကျော်ဇံလှနှင့် ရခိုင် လူငယ် နှစ်ဦးဖြစ်ကြသည့် ကိုညီညီလွှင်နှင့် ကိုကျော်မင်းထိုက်တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ယခုအခါ သံတွဲမြို့နယ်တွင် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရအောင် သံသယရှိသူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးနေသည့် အပြင် လုံးခြုံရေးကိုလည်း အထူးတိုးချဲ့ချထားသည်ဟု သိရသည်။

- See more at: http://www.narinjara.com/burmese/?p=7242#sthash.c8SLYg2I.dpuf

No comments:

Post a Comment

Note: Only a member of this blog may post a comment.