တောင်ကုတ်မှ ဆိုင်ကယ်စီးပြန်လာသော ခရီးသွားခြောက်ဦးကို ရွှေလှေတွင် ကုလားများက တိုက်ခိုက်သဖြင့် လေးဦး ဒဏ်ရာရ၊ နှစ်ဦး ပျောက်ဆုံးနေ
========================
(၀၂ အောက်တိုဘာ ၂၀၁၃ ၊ Coral Arakan News )
တောင်ကုတ်မြို့ သင်ပန်းရွှေရွာက ကိုသောင်းရွှေ၊ သံတွဲအံတော်က ကရင်လူမျိုး ခရစ်ယန်ကိုရန်နိုင် နဲ့ ခရစ်ယန်ဆရာတစ်ယောက်၊ ဇီးဖြူကုန်းက တစ်ယောက် ၊ နောက်ထပ် အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက် စုစုပေါင်း ခြောက်ယောက်တို့မှာ ယမန်နေ့က တောင်ကုတ်ကနေ သံတွဲကို ဆိုင်ကယ်နဲ့အပြန်ခရီး ရွှေလှေရွှာကို ဖြတ်သန်းရာတွင် ကုလားများက ဝိုင်းပြီး တားဆီးခုတ်သတ်ဖြတ်၍ လေးဦးဓါးခုတ်ဒဏ်ရာ ပြင်းထန်စွာ ရ ရှိသဖြင့် သံတွဲဆေးရုံသို့ နာရေး ကားဖြင့်သွားရောက်ယူဆောင်ပြီး အရေးပေါ် ကုသခံယူထားပါကြောင်း။
အဆိုပါ ခရီးသွားခြောက်ဦးအနက် အမျိုးသားတစ်ယောက် နျင့် အမျိုးသမီးတစ်ယောက်တို့မှာ ကုလားများ ဝိုင်းခုတ်သတ်ဖြတ်ခံ နေ ရရာစဉ် လူစုကွဲသွားခဲ့ခြင်းဖြစ်ပြီး ရှာမတွေ့သေး ပါ။ ကုသခံယူနာများမှာလည်း အခြေအနေဆိုးဝါးခြင်းမှာ ကျော်လွှားနိုင်ခဲ့ကြပါပြီ။
ရှာမတွေ့သေးသော ခရီးသွားနှစ်ဦးကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က ဆက်လက်ရှာဖွေနေကြပါကြောင်း။
ယခု ည၆နာရီ မှ မနက် ခြောက်နာရီ ညမထွက်ရ အမိန့်ကို ထပ်မံထုတ်ပြန်ထား ပါကြောင်း ။
Source : Arakan Newtharki

No comments:
Post a Comment
Note: Only a member of this blog may post a comment.