သတင်းနှင့်နည်းပညာများ

10/4/13

ကဗျာရွာငယ်လေး လူတစ်ယောက် ဘဝမှာနေပျော်ဖို့ အရေးကြီးဆုံး လိုအပ်ချက်(၅) ချက်.

ကဗျာရွာငယ်လေး
လူတစ်ယောက် ဘဝမှာနေပျော်ဖို့ အရေးကြီးဆုံး လိုအပ်ချက်(၅) ချက်.
**********************
၁။ မွေးစကနေ စပြီး အသက်အိုမင်းလာတဲ့ အချိန်ထိ
မိမိကို မွေးဖွား ကျွေးမွေးခဲ့တဲ့ မိဘ ဆွေမျိုး။(အစားထိုးစရာ မရှိတဲ့ အပြင် အနှိုင်းမဲ့ ကျေးဇူးရှိတဲ့အတွက် တစ်ကယ် အရေးပါ လိုအပ်လွန်းပါတယ် )

၂။ ငွေဆိုတာကလည်း နေရာတစ်ကာမှာ မရှိ မဖြစ် လို့ ဆိုနိုင်လောက်အာင် ပဲ
စိုးမိုးလွန်းပါတယ်။( ပိုက်ဆံမရှိလို့ ဆုံးရှုံးသွားခဲ့ရတာ ဘဝမှာ အများကြီး ရှိမှာပါ )

၃။ အေးချမ်းသာယာသော ဘဝကို ဆိတ်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့
ပါတ်ဝန်းကျင် ကောင်းလည်း လိုအပ်ပါတယ်။ (ပါတ်ဝန်းကျင်ကြောင့် ဘဝတိုးတက်သွားသလို ၊ လူတွေ့မခံချင်လောက်အောင်ကို စိတ်ပျက်စေနိုင်လောက်တဲ့ ပါတ်ဝန်းကျင် လည်း ရှိပါတယ်)

၎။ ဘဝတစ်ခုလုံးရဲ့ ထိန်းချုပ်ခန်း လို့ ပြောလို့ရတဲ့ အချစ် စိတ်ပါ။(အခ်ျန်ရှိသရွေ့ တွေးနေတတ်သလို အချစ်အတွက် အသက်ပေးခဲ့ကြတဲ့ သူတွေ မှ လောကမှာ မရေတွက်နိုင်ပါဘူးနော်..အချစ်အတွက် ဘဝကို ကြိုးစားရင်း တိုးတက် အောင်မြင်သွားတာတွေလည်း ဒုနဲ့ ဒေး ပါပဲ)

၅။ နောက်ဆုံး အရေးကြီးတာက မိမိယုံကြည်ရာ ၊ အမွန်မြတ်ဆုံး လို့ သတ်မှတ်ထားတဲ့ ဘာသာတရားပါပဲ။ (ဘာသာတရားတွေ အများကြီးရှိပါတယ် ..ဒါပေမယ့် သဘာဝတရားကို လွန်ဆန်မှုမရှိပဲ မရှိတာကို မရှိတဲ့ အတိုင်း လက်ခံပေးတဲ့ သဘောတရားက တစ်ကယ့် အစစ်မှန်ဆုံး လောကရဲ့ အထွဋ်အမြတ်ထားသင့်တဲ့ အရာပါ။အယူဝါဒ မတူတဲ့အခါ မခံချင်စိတ်တွေ ထိပ်တိုက်တွေ့ဖန်များလာတော့ နစ်နာပါစေတော့ဆိုတဲ့ မကောင်းတဲ့ စိတ်တွေနဲ့.. ရန်ပြုဖြေရှင်းတတ်ပါတယ်..တစ်ကယ်တော့ ဘာသာတရား ဆိုတာ မိမိဘဝကို သက်ရောက်မှု အရှိဆုံး နိယာမ တစ်ခုပါပဲ)

ကဗျာ ရှင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.