သတင်းနှင့်နည်းပညာများ

10/5/13

"အကြောင်းရှိတယ်" ဘာရယ်တော့ မဟုတ်ပါဘူး "ဒေါ်လာတစ်သောင်းတောင် မရှိပါဘူး" ဆိုတဲ့ စကားလေးနဲ့ ဆက်စပ်ပြီး ရီစရာလေးတစ်ခု တွေးမိလို့ ရေးပြလိုက်တာပါ


"အကြောင်းရှိတယ်"

ဘာရယ်တော့ မဟုတ်ပါဘူး
"ဒေါ်လာတစ်သောင်းတောင် မရှိပါဘူး" ဆိုတဲ့ စကားလေးနဲ့ ဆက်စပ်ပြီး ရီစရာလေးတစ်ခု တွေးမိလို့ ရေးပြလိုက်တာပါ

ကျနော့် သူငယ်ချင်းတစ်ယောက်က ပြောပြတာ
သူက အစိုးရဝန်ထမ်း၊ သူ့ဌာနက ဝင်ငွေကောင်းတယ်
ကောင်းတာမှ တော်တော်ကောင်းတာ
သူများတွေ စက်ဘီးနဲ့ ရုံးတက်နေရတဲ့အချိန်မှာ သူတို့က ဆိုင်ကယ်ကိုယ်စီနဲ့။
ညနေဆို ဘီယာဆိုင်မှာ...
ညဆို ကာရာအိုကေဆိုင်မှာ...

ပြီးတော့ "မယားငယ်ကိုယ်စီ" နဲ့လို့လည်း နာမည်ကြီးတယ်။

တရက်တော့ သူတို့ဝန်ကြီးဌာနက ညွှန်ချုပ်က အဲဒီဌာနကို လာစစ်တယ်
ဌာနကလူတွေကို အစည်းအဝေးခန်းမှာ ခေါ်ပြီး သြဝါဒစကားမိန့်ကြားတယ်
အဲလို သြဝါဒစကား ပြောကြားရင်းနဲ့ ကြားဖောက်ပြီး မေးပါလေရော... ...

"ငါကြားထားတာတခုရှိတယ်၊ မင်းတို့ဌာနကကောင်တွေ မိန်းမနှစ်ယောက် ရှိတယ်တဲ့၊ ကဲ... ဘယ်သူတွေလဲ သိရအောင် မိန်းမနှစ်ယောက်ရှိတဲ့ကောင် မတ်တပ်ရပ်စမ်း"

တယောက်မှ မရပ်ဘူး
လူကြီးက ထပ်ပြောတယ်... ...

"မကြောက်ပါနဲ့ အရေးမယူပါဘူး၊ သိချင်ယုံ သက်သက်ပါ၊ ကဲ ကဲ ရပ်ပြပါ မိန်းမနှစ်ယောက်ရှိတဲ့ကောင်"

ဘယ်သူမှ မရပ်ဘူး။

ဒါနဲ့ ညွှန်ချုပ်လည်း စိတ်မရှည်တော့ပဲ အဲဒီဌာနက ဌာနမှူးကို မေးလိုက်တယ်... ..

"ဘယ်လိုလဲ ဌာနမှူးကြီး၊ မိန်းမနှစ်ယောက်ရှိတဲ့လူ မတ်တပ်ရပ်ဆိုတာ ခင်ဗျားလူတွေ တယောက်မှ မရပ်ပါလား"

ဒီတော့ ဌာနမှူးက ပြန်ဖြေတယ်... ...

"ဟုတ်ပါတယ် ညွှန်ချုပ်ခင်ဗျား၊ မတ်တပ်မရပ်ရတဲ့ အကြောင်းက အကုန်လုံး မိန်းမသုံးယောက်နဲ့၊ လေးယောက်နဲ့ ကောင်တွေချည်းပဲမို့ပါ"
"ဟေ... "


သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko


No comments:

Post a Comment

Note: Only a member of this blog may post a comment.