သတင်းနှင့်နည်းပညာများ

10/4/13

ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ

ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ
Friday, October 4, 2013

ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းရဲရုံးမှ ဖွဲ့စည်းထားသည့် ရဲတရားရုံးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်နေသည့် တရားခံကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။

စက်တင်ဘာ ၂ ရက် ညအချိန်က မန္တလေးတိုင်းရဲရုံးအတွင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း စက်တင်ဘာ ၃၀ ရက်တွင် ပြစ်မှုဥပဒေပုဒ်မ ၃၀၂ ဖြင့် မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းတရားရုံးမှ အမှုအားစစ်ဆေးလျက်ရှိကြောင်း၊ တရားခံဖြစ်သူကို တရားစွဲဆိုမှုများပြုလုပ်ခဲ့သည့် အမှတ် (၃)နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

တရားခံမှာ ရဲဝန်ထမ်းဖြစ်သည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်သာမက ပြစ်မှုဥပဒေပုဒ်မအရပါ အရေးယူခဲ့ခြင်းဖြစ်သည်။

ပြစ်မှုနှစ်ခုစလုံးမှ ချမှတ်မည့် ထောင်ဒဏ်ပြစ်ဒဏ်များကို မန္တလေးအကျဉ်းထောင်တွင် ကျခံရမည်ဖြစ်ကြောင်း အမှတ်(၃)နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

7Day News

No comments:

Post a Comment

Note: Only a member of this blog may post a comment.