စနစ်တစ်ခုအောက်က လူသန်းပေါင်းများစွာ
စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသည့်အချိန်တွင် အရှေ့တောင်အာရှ၌ အတိုးတက်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံကို လေ့လာ၍ ထိုအချိန်က စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီကွမ်ယုက သမိုင်းဝင်စကားတစ်ခွန်း ဆိုခဲ့သည်။ ''မြန်မာကို ကျွန်တော်တို့ မီအောင်လိုက်မယ်''
ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏သား လီရှန်လွန်း စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့် လက်ရှိအချိန်တွင်တော့ မြန်မာနှင့် စင်ကာပူနိုင်ငံ အခြေအနေသည် ပြောင်းပြန်ဖြစ်နေခဲ့လေပြီ။ လီကွမ်ယုက ''မြန်မာကို မီအောင်လိုက်မယ်'' ဟု ဆိုခဲ့သည်။ လီရှန်လွန်းကတော့ မြန်မာနှင့် ပတ်သက်၍ ယခုလို မှတ်ချက်ပေးခဲ့သည်။ ''မြန်မာဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့တောင် အတော်ကြိုးစားရဦးမယ်''ဟူ၍ ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် စတင်တွေ့ကြုံခဲ့ရသည့် အာဏာရှင်စနစ်သည် ဒီမိုကရေစီစနစ် စတင်အားကောင်းနေပြီဖြစ်သည့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဖိနှိပ်အုပ်ချုပ်သွားလိမ့်မည်ဟု
၁၉၆၀ ၀န်းကျင်တွင် အရှေ့တောင်အာရှ၌ ထိပ်ဆုံး တစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံ လက်ရှိတွင် မည်သည့်နေရာ မည်သည့်အဆင့်အတန်းကို ရောက်နေခဲ့ပြီလဲ။ လက်ချင်းချိတ်ကာ အပြုံးချိုချိုထားတတ်သည့် အာဆီယံအဖွဲ့တွင်ပင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရရန် မြန်မာသည် ၁၇ နှစ်ကြာအောင် စံချိန်တင် စောင့်ဆိုင်းခဲ့ရသည်။ မလေးရှားနိုင်ငံတွင် အထူးဖမ်းဆီးရေး စီမံချက်ပြုလုပ်သဖြင့် မိခင်နိုင်ငံသို့ အကူအညီနှင့် ပြန်ရောက်လာသည့် မြန်မာအလုပ်သမားအချို့တွင် စီးစရာဖိနပ်ပင် မပါရှိခဲ့ပေ။ ကမ္ဘာအဆင့် အသာထား၍ အရှေ့တောင်အာရှတွင်ပင် မြန်မာနိုင်ငံ ဘယ်နေရာ ဘယ်အဆင့်အတန်းကို ရောက်နေခဲ့ပြီလဲဆိုသည့် အဖြေမှာ မျက်စိမှိတ်ငြင်းချင်သော်လည်း အထင်းသား သိမြင်နေရသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော အပြုသဘော တိုးတက်မှုများ ရှိလာနေပြီဟု ဝေေ၀ဆာဆာ ကြားနေရသည်။ မြန်မာသည် စနစ်ဆိုးတစ်ခုကနေ တကယ်ပြောင်းလဲလာနိုင်ခဲ့ပြီလား။
Eleven Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.