မနေ့ နေ့လည်ကစပီး လက်ရှိမြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပီး ဆန္ဒပြနေတဲ့ မတရား မြေအသိမ်းခံ မိကျောင်းကန်ပြည်သူတွေနဲ့ပတ်သက် ပီး ပြည်သူတို့အချို့ အမြင်လွဲနေတာရှိတယ်..
တပ်မတော်ကအငှား စိုက်ပျိုးရေးလုပ်စားဖို့ အငှားချတဲ့သူတွေက နှစ်တွေကြာပီး နေထိုင်လာရာကနေ အခုလို နေရာပြန်ရန်ရရေး တောင်းဆိုတာလို့ မြင်သူတွေရှိတယ်..
အဲဒီအငှား စိုက်ပျိုးရေးလုပ်ခွင့်ပေးတဲ့ ပြည်သူတွေကို ပီးခဲ့တဲ့ ( ၆ ) လပိုင်းကထဲက ဒဂုံအရှေ့ပိုင်းကို မောင်းထုတ်ခဲ့တယ်..
အခုဆန္ဒပြတာက စစ်အစိုးရလက်ထက် မတိုင်ခင် နှစ်ပေါင်းများစွာက နေထိုင်လာတဲ့ မူလ ဘိုးဘွားပိုင်မြေပိုင်ရှင်တွေက တောင်းဆိုကြတာပါ...
အထင်အမြင်နဲ့ နေ့စားပေးပီး ခေါ်လာတာတို့ အလုပ်မရှိမကိုင်မရှိ အားအားရားရား ဆန္ဒပြနေတာတို့ ပြောနေသူတွေကို မေတ္တာရပ်ခံချင်ပါတယ်...
ခင်များတို့ ကိုယ်တိုင် မခံစားဘူးတော့ ဒီလူတွေရဲ့ ခံစားချက်ကို နားမလည်နိုင်ပါဘူး..
ကိုယ်ချင်းစာစိတ်လေးမွေးပေးပါ.. .
တကယ်အစစ်အမှန် နှစ်နာခဲ့လို့ အကြိမ်များစွာဒုက္ခခံပီး ဆန္ဒထုတ်ဖော်ကြတာပါ...
တရားဝင် စာတင်ပီး တောင်ဆိုတာ နှစ်နဲ့ချီကြားနေပါပီ....
ယခင်ရှိခဲ့တဲ့ ကိုယ့်ဘာသာသာသနာ အဆောက်အုံးတွေကို မတရားဖျက်သိမ်းပီး ၊ ကိုယ့်လူမျိုး ကိုယ့်ဘသာဝင်တွေကို မောင်းထုတ်ပီး မရှိသေးတဲ့ အစ္စလာမ်ဘိုးဘွားရိပ်သာကို အဲဒီနေရာမှာ နေရာပေးခဲ့တာ ခင်များတို့မှ မသိဘဲ။
အဲဒီနေရာမှာ ဘုန်းကြီးကျောင်း ( ၈ ) ကျောင်းအပါဝင် သံဃာတွေရဲ့ သဘောဆန္ဒမပါဘဲ သာသနာရဲ့အသက်ဖြစ်တဲ့ သိမ်ကိုတောင် သိမ်မနှုတ်ဘဲ မတရား ဖျက်ဆီးပစ်ခဲ့တာပါ..
လက်ရှိ ဘုရားတွေကျန်ပါသေးတယ်..
အဲလောက်ဆို ဘာကြောင့် ဒီလူတွေ အဆင်းရဲခံ အပင်ပန်းခံပီး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ကြတယ် ဆိုတာ သဘောပေါက်လောက်ပါတယ်...
ဒါမှ သဘောမပေါက်ဘူးဆိုရင်..
အချိန်မရွေး ဆက်သွယ် မေးမြန်းပါ..
Ashin Kumuda Bawdhitahtaung

ကိုယ်ချင်းစာစိတ်လေးမွေးပေးပါ..

No comments:
Post a Comment
Note: Only a member of this blog may post a comment.