သတင်းနှင့်နည်းပညာများ

10/2/13

စစ်တွေမှ ပုဒ်မ-၁၈ တရားခံနှစ်ဦး က လျှောက်လဲချက် ပေးရန် ငြင်းဆို

စစ်တွေမှ ပုဒ်မ-၁၈ တရားခံနှစ်ဦး က လျှောက်လဲချက် ပေးရန် ငြင်းဆို
====================== 

စစ်တွေ ၊ ၀၂ အောက်တိုဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ မြေပိုင်အိမ်ပိုင် အခိုင်အခန့်လုံးချင်းအိမ်များ ဆောက်လုပ်ပေးခြင်းမပြုရန် ဆန္ဒထုတ်ဖော်ခြင်းကို စစ်တွေမြို့တွင် မတ်လ (၇) ရက်နေ့က ဦးဆောင်ပြုလုပ်ခဲ့သည် ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းခံရသူ ဦးကျော်ဇောဦး နှင့် ဒေါ်မညိုအေးတို့မှာ လျှောက်လဲချက်ပေးမည် မဟုတ်ကြောင်း ယမန်နေ့ ရုံးချိန်းတွင် စစ်တွေမြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန် အား ပြောဆိုခဲ့ကြသည်။

သို့ဖြစ်၍ တရားလိုဘက်မှ စစ်တွေမြို့နယ် ဥပဒေအရာရှိ ဦးကျော်ရွှေမောင် ဦးဆောင်သော အဖွဲ့က လာမည့် အောက်တိုဘာလ (၈) ရက်နေ့တွင် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့အား အပြစ်ပေးသင့်ကြောင်းကို လျှောက်လဲချက်ပေးကြမည်ဖြစ်သည်။

ဘင်္ဂါလီများကို အိမ်ပိုင်မြေပိုင် ဆောက်လုပ်ပေးခြင်းမပြုရန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကျောက်တော်၊ တောင်ကုတ် နှင့် ရသေ့တောင်မြို့တို့မှ ခေါင်းဆောင် စုစုပေါင်း ကိုးဦးကို သုံးလစီ ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဆန္ဒပြသူ ဆယ်ဦးအားလည်း စက်တင်ဘာလအတွင်းက ထောင်ဒဏ် သုံးလစီကျခံစေရန် စီရင်ချက် ချမှတ်ခဲ့ပြီးဖြစ်သည်။

ရခိုင်နှစ်ပါတီ ပေါင်းစည်းရေးတွင် ပူးပေါင်းပါတီထူထောင်သူများအဖြစ် တစ်ဘက် (၁၅) ဦးစီရွေးချယ်ကြရာ၌ RNDP ဘက်မှ ရွေးချယ်ထားသူ (၁၅)ဦးတွင် ဦးကျော်ဇောဦးလည်း အပါအ၀င်ဖြစ်ကြောင်း သိရှိရသည်။ ထိုတစ်ဘက် (၁၅)ဦးစီတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် လာမည့် အောက်တိုဘာလ (၅) ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံရာတွင် ၄င်း ပါဝင်ပြီးနောက် (၈)ရက်နေ့ စစ်တွေမြို့နယ် တရားရုံး ရုံးချိန်းတွင် အစိုးရဘက်မှ လျှောက်လဲသည့်အခါ ၄င်း လာရောက် ရုံးတက်မည် ဖြစ်သည်။

(Coral Arakan News)

No comments:

Post a Comment

Note: Only a member of this blog may post a comment.