သတင်းနှင့်နည်းပညာများ

10/2/13

လိုအပ်ပါက ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီး ပြောကြား

လိုအပ်ပါက ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီး ပြောကြား

လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀ အရ ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ရွှေပြည်သာ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး မေးမြန်းသည့် ''တပ်မတော် အင်အားတောင့်တင်းခိုင်မာရေးနှင့် ရည်မှန်းချက်များ ပြည့်ဝ အောင်မြင်ရေး''တို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က''တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရေးအတွက် စစ်သည်များကို စစ်သားစုစောင်းရေး စီမံချက်နဲ့အညီ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သား အသက် ၁၈ နှစ်မှ ၂၈ကြား ကျန်းမာရေး ကောင်းမွန်သူများကို ၎င်းတို့၏ ဆန္ဒနှင့်အညီ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စုဆောင်းလျှက်ရှိပါတယ်။ နောက်တစ်ပိုင်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၆ ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ် ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည် ဖြစ်သည့်အခါတွင် နိုင်ငံသားတိုင်းကတော့ ကျား၊ မ မခွဲခြားဘဲ မိမိ၏ သဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက် စစ်မှုထမ်းဆောင်နိုင်သည်။

ဆက်လက်၍ ဗိုလ်ချုပ်ကျော်ညွန့်က ''လိုအပ်ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀ အရ ပြည်သူ့စစ်မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေမှာ ဒါကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာပါပြီးတော့ အသိပညာ အတတ်ပညာ အထိုက်အလျောက်ရှိတဲ့သူတွေ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကြီးခြင်း၊ မျက်မြင် ၁၃ ချက်နှင့် ပြည့်စုံပြီး ကိုယ်တိုင် ဆန္ဒပြုသူများကို စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ စစ်မှုထမ်းဆောင်စေရန် လက်ခံဆောင်ရွက်လျှက် ရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် တပ်မတော်ဟာ အင်အားတောင့်တင့်ပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုး ချစ်တပ်မတော်ဖြစ်ရန်လည်း လိုအပ်ပါတယ်။တပ်မတော် အင်အား တောင့်တင်းခိုင်မာရေး အရေးကြီးသလိုပဲ စွမ်းရည်ထက်မြက်တဲ့ စစ်သည်တော်များ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင် လေ့ကျင့်လျှက် ရှိပါတယ်။ တပ်မတော်သားများ စစ်ရေးစွမ်းရည်သာမက သက်ဆိုင်ရာ နည်းပညာရပ်များမှာ ထူးချွန်ထက်မြက် စေရေးအတွက် ပြည်တွင်း သင်တန်းများသာမကဘဲ ပြည်ပသင်တန်းများမှာလည်း နှစ်ရှည်လများစွာ စေလွှတ် သင်ကြားပေးလျှက် ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခေတ်မီ စစ်လက်နက်ပစ္စည်းများ တီထွင်ထုတ်လုပ်ခြင်း၊ ၀ယ်ယူတပ်ဆင်ခြင်းများ၊ ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်စေရန်အတွက်လည်း တည်ဆောက်လျှက် ရှိပါတယ်။
တပ်မတော် စွမ်းရည်မြင့်မားစေရန် ကြည်းတပ်တစ်ခုတည်းကိုပဲ ဦးတည်ဆောင်ရွက်နေသည် မဟုတ်ဘဲ တပ်မတော်ရေနှင့် တပ်မတော်လေ အတွက်ပါ တစ်ပြေးညီ တိုးတက်စေရေး ဆောင်ရွက်လျှက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ဆိုသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀ တွင် ''တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်''ဟု ဖော်ပြထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.