သတင်းနှင့်နည်းပညာများ

10/4/13

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

ရန်ကုန်၊ အောက်တိုဘာ ၃။

ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က
အသက်(၁၂)နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲမှတ်တမ်းများအရ သိရသည်။

အမျိုးသမီးငယ်သည် ယင်းနေ့ညနေ (၅)နာရီခန့်က မီးဖိုခန်းအတွင်းအလုပ်လုပ်နေစဉ်
အိမ်ရှင် ဦးလှထွေးက မုန့်ဖိုးဟုဆိုကာ ငွေ (၁၀၀) ကျပ်ပေးကြောင်း ၊ ထို့နောက်ကြမ်းပြင်ပေါ်သို့
ဆွဲလှဲကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သောကြောင့် မိမိအိမ်သို့ ငိုယိုကာ ပြန်လာကြောင်း
အတူနေထိုင်သည့် အဒေါ်ဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင် ပတ်သက်၍အမျိုးသမီးငယ်၏အဒေါ်ဖြစ်သူမှ တရာလိုပြုလုပ်တိုင်ကြားထားချက်ကို
ဒဂုံဆိပ်ကမ်းမမစ (ပ)၃၃၈/၁၃ ပြစ်မှုပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ် သက်ဝေ (စခမ) က
စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဝေလင်း

From - The Myanmar Age


No comments:

Post a Comment

Note: Only a member of this blog may post a comment.