သတင်းနှင့်နည်းပညာများ

10/3/13

ကွေးကောက်မျက်နှာပြင်ဖြင့် LG Z

ကွေးကောက်မျက်နှာပြင်ဖြင့် LG Z 


ကွေးကောက်နိုင်သော ပျော့ပြောင်းမျက်နှာပြင်နဲ့ စမတ်ဖုန်း ထုတ်မှာက Samsung တို့ပဲ မဟုတ်ပါဘူး။ တောင်ကိုရီးယား တစ်နိုင်ငံတည်းက ထွက်တဲ့ LG ကလည်း ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ 

ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကို တောင်ကိုရီးယား နည်းပညာ ဝဘ်ဆိုဒ်တစ်ခု က ပြသသွားခြင်း ဖြစ်ပါတယ်။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး Entertainment Utility တစ်ခု ဖြစ်လာမယ်လို့ ဆိုထား ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ ဂိမ်းဆော့တဲ့ အခါ ယင်းကွေးကောက် နိုင်မှုက အသုံးဝင်လာမှာမို့ပါ။ အတွင်းက Specification ကတော့ LG တိ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ LG G2 နဲ့ အတူတူပဲလို့ ဆိုပါတယ်။ quad-core Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီး အခြားသော Graphic , Memory တို့ကလည်း အတူတူပဲ လို့ ဆိုပါတယ်။

Android OS ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ LG Z လို့အမည်ပေး ထားတဲ့ ယင်းဖုန်းကို CES အမှီ LG တို့ မိတ်ဆက် ပြသနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (TSJ Team)

http://blog.techspace.com.mm/2013/10/lg-z.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.