ချစ်သူတွေအတွက် လက်ချောင်းလေးတွေ ထွားချင်တယ်ဆိုရင်(ခွန်နေ)
iPhone တွေအတွက် အဆင်ပြေစေမယ့် လက်ညှစ်ဘက်ထရီစနစ် Mipwr
=========================================
ခွန်နေ(AMMG)
တီထွင်သူ ဒီဇိုင်နာ Bob Panos နဲ့ Karl Lee တို့နှစ်ဦး ဖန်တီးလိုက်တဲ့ iPhone လက်ညှစ် ဘက်ထရီ အားသွင်းစနစ်ပါ။ ဒါကြောင့်ကြိုးတွေနဲ့ အလုပ်ရှုပ်ပြီးအားသွင်းစရာလည်းမလို တော့သလို၊ ကြိုးမဲ့အားသွင်းစနစ် လုပ်ဖို့အတွက်လည်းခေါင်းစား စရာမလိုတော့ပါဘူး။
လျှပ်စစ်စွမ်းအင်မရတဲ့ ဒေသတွေမှာ လည်း ဖုန်းအားသွင်းဖို့ အခက်ခဲ
ဖြစ်နေသူတွေအတွက် ဒီလက်ညှစ် အားသွင်းစနစ်က အဆင်ပြေစေမှာပါ။ iPhone တွေဖြစ်တဲ့ 4,4s,5 တို့နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး လက်ညှစ်စက် မှာလည်း ဘက်ထရီစနစ်ဖြစ်တဲ့ 400 mA battery ထည့်သွင်း တည်ဆောက် ထား ပါသေးတယ်။
လက်ညှစ် မော်တာကနေဒိုင်နမိုကိုလည်ပတ်စေပြီး၊လျှပ်စစ်စွမ်းအင်ရရှိစေကာ 400 mA battery ထဲသို့သိုလှောင် စီးဝင်စေပြီး iPhone အတွင်းက ဘက်ထရီစနစ်ကို ချိတ်ဆက် အားဝင်စေတာပါ။
Mipwr iPhone Battery Charging လို့ခေါ်ပြီး ဥရောပ၊အမေရိက
နှင့် နိုင်ငံတကာဈေးကွက်အတွင်းကို ဈေးကွက်အတွင်းကို အမေရိကန် ဒေါ်လာ ၂၅ နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့ဆိုပါတယ်။
Ref:Dailymail

No comments:
Post a Comment
Note: Only a member of this blog may post a comment.