10/7/13
ကျောင်းကုန်းဖြစ်စဉ် 5.10.2013
ကျောင်းကုန်းဖြစ်စဉ် 5.10.2013
မုဒိမ်းကျင့်ခံရသူ မိန်းကလေးက ကျောင်းကုန်း ၂ ရပ် ဗောဓိကုန်း ဘုန်းတော်ကြီးကျောင်း အနားမှာနေပါတယ် ဖအေမရှိ မအေနဲ့ နေသူပါ အမေနာမည် မခိုင် အလုပ်အကိုင်က အဝတ်လျှော်လိုက်လုပ်တာပါ ကလေးမလေးက ဝင်းမြန်မာ မုန့် ဆိုင် { ဆေးရုံရှေ့  } မှာ အလုပ်လုပ်ပါတယ် အသက် ၁၃ နှစ်ပါ မုဒိမ်းကောင် နာမည်က လှဝင်း အသက် ၄၀ ဝန်းကျင်ကလေး ၂ ယောက်အဖေ မုဆိုးဖိုပါ လှဝင်းတို့ မိသားစုက ငါး ရောင်းပါတယ် သူ့ ညီမ ၂ ယောက်က ကျောင်းကုန်းဈေးမှာ ငါးရောင်းတဲ့ အကြီးမ အငယ်မဆို လူတိုင်းနီးပါးသိပါတယ် ငွေကြေးတောင့်တယ် ကလေးမလေးရဲ့ အိမ်နဲ့  လှဝင်းတို့ အိမ်က နီးပါတယ်
လှဝင်းနဲ့  မုဒိမ်းကျင့်ခံရသူရဲ့ အမေ မခိုင်ဟာ တစ်ချိန်က လင်မယား အဖြစ်ယူလိုက်ပါသေးတယ် မခိုင်က ကုလားထဲဝင်တယ် နောက် ကွဲသွားပါတယ် မခိုင်က ဗုဒ္ဓဘာသာထဲ ပြန်ပြောင်းပြန်တယ် မခိုင်တို့  သားအမိဟာ လှဝင်းဆီက ဟင်းစားယူထားတဲ့ အကြွေးလည်း ရှိပါတယ် 5.10.13 ရက် ညနေ 4:00 ကျော်လောက်မှာ ကလေးမလေး အလုပ်ကအပြန် လှဝင်းက ဖြားယောင်းခေါ်ဆောင်ပြီး ဟင်းဖိုးမပေးနိုင်လို့ ဆိုကာ မုဒိမ်းကျင့်ခဲ့တာပါ ၃ ကြိမ် ဆက်ဆံပြီး ကလေးကို ပြန်ပြောရင် သတ်ပစ်မယ်လို့  ခြိမ်းခြောက် ပြန်လွှတ်လိုက်ရာကနေ ပြဿနာ စတင်ပါတယ် ကလေးမလေး ခုသက်သာနေပါပြီ မုဒိမ်းကောင်ကို ညတွင်းချင်း ပုသိမ်ထောင်ကို ပို့ လိုက်ပါတယ်
မုဒိမ်းကောင်ရဲ့ မိသားစု အသိုင်းအဝိုင်းက မြို့ မှာ အတော်စွာပါတယ် ခု ဘယ်ပြေးမှန်းမသိရသေးပါဘူး မနေ့ ညက မုဒိမ်းကောင်အိမ် အပါအဝင် မိသားစုအိမ်တွေပါ ပျက်ပါတယ် လူတွေက ရှောင်တိမ်းသွားလို့  တစ်ယောက်မှ မမိခဲ့ပါဘူး မှော်သေး ဘုရားနားနေတဲ့ မာမွတ် အလုပ် ကားမောင်းအိမ်ကို ခဲနဲ့ ထုကြတာ မာမွတ်တို့  မိသားစုထဲက တစ်ယောက် လက်ကျိုးသွားတယ်လို့ သိရပါတယ် အဲအချိန်က ည ၉ နာရီ ကနေ ၁၀ နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ် ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရပါတယ် ၁၁ နာရီခွဲကျော်မှာ လိုင်းပြန်ပွင့်လာပြီး ပုသိမ်က လုံထိန်းအင်အား ကား ၅ စီး နဲ့ လာရောက်ထိန်းသိမ်းလို့  လူစုခွဲလိုက်ကြပါတယ်
အဲဒါ မတိုင်ခင် လူစုကို ဒဏ္ခိရာမ ကျောင်းတိုက်ဆရာတော်နဲ့  လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် ၂ ရပ် ဥက္ကဋ္ဌ ဦးသိန်းထွန်း မြို့ နယ် ဆရာဝန်ကြီး ကန်ဦးလူငယ် ပရဟိတ အဖွဲ့ တို့ မှ မေတ္တာရပ်ခံ ထိန်းခဲ့ရပါတယ် ကျောင်းကုန်း ပတ်ဝန်းကျင်မှ စွန်ပါရွာ ကိုင်းတာရွာ ကျည်းတောရွာ မိုးမခရွာတို့ မှ လူစုပြီး တက်လာပါတယ် ၂ ရပ်ကွက် အောင်ဆန်းကွက်သစ်နှင့် သစ်ဆိမ့်ကုန်း ကျေးရွာမှ လူများလည်း ပါဝင်လာကာ လူစုကြီးထွားလာသည် အိမ်များကို ဖျက်ပြီးနောက် လုံထိန်းတပ်ဖွဲဝင်များ ရောက်ရှိလာမှသာ လူစုခွဲခဲ့ခြင်းဖြစ်ပါသည် တိုင်းရဲမင်းကြီးမှ မြို့ ထဲမီးရှို့ ခြင်း လုယက်ခြင်းများလုံးဝလက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားကြောင်း သိရှိပါသည်။
လိုအပ်ချက်ရှိပါက ခွင့်လွှတ်ပေးကြပါ ခင်ဗျာ
Thiha Thiha
From - Myanmar Daily.net
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.