သတင်းနှင့်နည်းပညာများ

10/8/13

အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်မည်

အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်မည်

၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများအား နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဥပဒေ၀င်ခွင့် အမှတ်မီသူများ၊
မည်သည့် တက္ကသိုလ်မှာမဆို ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ၊

မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းကြေးနှင့် ၀င်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်များအား လျှောက်လွှာခေါ် ယူသည့် အခါ၌ တစ်ပါတည်း ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ဒီဇင်ဘာကစပြီး ဖွင့်မှာပါ။ မော်ဂျူးတစ်ခုစီအတွက် Assignment တွေ Tutorial တွေ ရှိပါမယ်။ ပထမနှစ်ဝက် စာမေးပွဲကို ဧပြီမှာ စစ်ပါမယ်။ အွန်လိုင်းကနေပဲ ဖြေရမှာပါ။ အခုချိန်မှာတော့ သင်ခန်းစာတွေ၊ သင်ကြားမယ့် ဘာသာတွေကို Install လုပ်နေပါတယ်။ နိုဝင်ဘာမှာ ၀က်ဘ်ဆိုက်လွှင့်တင် နိုင်မှာပါ" ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဘွဲ့ဒီဂရီများ ပေးအပ်မည့် ဥပဒေပညာ သင်တန်းအား စာသင်နှစ် ငါးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် Semester နှစ်ခု၊ Semester တစ်ခုလျှင် မော်ဂျူးခြောက်ခုစီ သင်ကြားရမည် ဖြစ်သည်။

သင်ခန်းစာများကို www.ynou.edu.mm ဖြင့် နိုဝင်ဘာ လဆန်းပိုင်း၌ လွှင့်တင်သွားနိုင်ဖွယ်ရှိပြီး သင်တန်းသားဦးရေကို ၅၀၀ ဦး သတ်မှတ်ထားကြောင်း သိရသည်။ စာမေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ

သတ်မှတ်ထားသည့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် စစ်ဆေးသွားမည် ဖြစ်သည်။ ၀င်ခွင့် လျှောက်လိုသူများသည် အွန်လိုင်းမှတစ်ဆင့်သော် လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် လည်းကောင်း လာရောက်လျှောက်နိုင်မည်ဖြစ်ကြောင်း၊ ဘွဲ့ပေးအပ်မည့် အွန်လိုင်းဥပဒေ သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.