ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးခန်းရှေ့မြတ်ခင်းပြင်တွင် ကလေးမွေးခဲ့ရ
မက္ကဆီကိုနိုင်ငံအောက်စကာပြည်နယ်တွင်အမျိုးသမီးတစ်ဦးသည်မီးဖွားလိုသောကြောင့်ဆေးခန်းသွားပြရာ ဆေးခန်းမှ သူနာပြုဆရာမက ကိုယ်ဝန် ရှစ်လသာရှိသေးသောကြောင့် ကလေးမမွေးနိုင်သေး ကြောင်း၊ ထို့ကြောင့်မွေးမပေးနိုင်ကြောင်း ပြောလွှတ်လိုက်လေသည်။ထို့ကြောင့် ဆင်းရဲသား လင်မယားမှာဆေး ခန်းမှ ထွက်လာခဲ့ရသည်။ဆေးခန်းရှေ့ မြတ်ခန်းပြင် အရောက်တွင်မူ ၂၉ နှစ်အရွယ် အမာလိုပတ်ဇ်သည် ရွေမြွာပေါက်သွားတော့သည်။ပြီးနောက်ဆေးခန်းအနီးရှိ အဆောက်အအုံတစ်ခု၏ နံရံကိုဆုပ်ကိုင်ကာ သုံးဦးမြောက်ကလေးကို မွေးဖွားလိုက်တော့သည်။နာလွန်းသောကြောင့်လိုပတ်ဇတ်သည် မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ကလေးမှာမြက်ခင်းပြင်ပေါ်တုံးလုံးပတ်လက်ဖြစ်နေကာအချင်းများမှာတန်းလန်းဖြစ်နေသည်။ထိုအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသူက ထိုမြင်ကွင်းဓါတ်ပုံရိုက်ကာသတင်း ဌာနတစ်ခု ကိုထိုပုံပေးပို့လိုက်သောအခါ မက္ကဆီကို တစ်လွှာရှိပြည်သူများဒေါသတကြီး ဖြစ်လေတော့သည်။ အဆိုပါ အဖြစ်အပျက်က မက္ကဆီကိုမှာရာပေါင်းစွားသော မိခင်လောင်းများသည်မီတွင်းတွင် သို့မဟုတ် မီးဖွားပြီးပြီး ချင်းအသက်ဆုံးရှုံးလျက်ရှိသည်။ အောက်တိုဘာလ၂ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော အဆိုပါအဖြစ်အပျက် ကြောင့် ထိုဆေးခန်းမှာဒါရိုက်တာဖြစ်သူ ဒေါက်တာအန်ဒရီယန်ခရုဇ်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရာထူးမှာ ဆိုင်းငံ့ထားလိုက်ပြီး ထိုအမှုကိုလည်း စုံစမ်းစစ်ဆေး လျက်ရှိသည်ဟု ပြည်နယ်အစိုးရကဆိုသည်။
(AP,10,10,13) ချယ်ရီ ပြည်မြန်မာသတင်းစာ
No comments:
Post a Comment
Note: Only a member of this blog may post a comment.