သတင်းနှင့်နည်းပညာများ

10/7/13

မရှင်းမလင်း ပြည်ပဘဏ်စာရင်း


မရှင်းမလင်း ပြည်ပဘဏ်စာရင်း

သမ္မတဦးသိန်းစိန်အစိုးရသည် ဘဏ္ဍာငွေကြေးလုပ်ငန်းများနှင့်
စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်အပါအဝင် ပြည်ပငွေကြေးလုပ်ငန်းများ
ရှုပ်ထွေးပွေလိမ်သော ကူးလူး ဆက်ဆံမှုများကို လူမသိရှင်မကြား ပြု
လုပ်ချက်များရှိပေသည်။ မကြာမီက စာနယ်ဇင်းများ၌ ဟော်လေတကျိုး၊
ဟိုးလေး တကျော် ပြဿနာတစ်ရပ်ရှိခဲ့ပေသည်။ ပြည်ပဘဏ်များ၌
မြန်မာ စာရင်းပေါက် ဒေါ်လာငွေသန်း ပေါင်း ၁၁၀၀၀ အပ်နှံထားသည့်
ငွေစာရင်း ကိစ္စဖြစ်ပေသည်။

ထိုမျှလောက်ပမာဏရှိသော ငွေစာရင်းကိန်းဂဏန်းသည်
ကမ္ဘာ့လှည့်ငွေချေးငှား နေသည့် အစိုးရတရပ်၏လက်တွင်း၌ မည်သို့မည်ပုံ
တနင့်တပိုး ရှိနေသနည်းဟူသော သံသယများကို အများပြည်သူတို့အကြား
၌ ပွားများစေလျက်ရှိပေသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဗဟိုဘဏ်က ရှင်းလင်း
တင်ပြရာ၌ မြန်မာ နိုင်ငံ၏ နိုင်ငံခြားငွေအပ်နှံထားမှုသည် အမေရိကန်
ဒေါ်လာ ၇ ဒဿမ ၆ သန်းအထိရှိ ကြောင်း ဝန်ခံခဲ့ပေသည်။ ဤတွင်
ပြဿနာနှစ်ရပ် ပေါ်ထွက်လာခဲ့ပေသည်။ ဤမျှ များပြား တောင့်တင်းသော
ငွေကြေးပမာဏလက်ဝယ်ရှိပါလျက် အဘယ် ကြောင့် အတိုးနှုန်း
မြင့်မားသော တရုတ်နိုင်ငံမှ ငွေအမြောက်အမြားကို ချေးယူသနည်းဟူ
သော မေးခွန်း မျိုးသည် မေးစရာဖြစ်လာပေသည်။

ထပ်ဆင့်မေးခွန်းမေးစရာရှိလာပြန်ပေသည်။ အစိုးရ၏ ပြည်ပ
ဘဏ်အပ်ငွေသည် သန်းပေါင်း ၇၀၀၆ ရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က
ဝန်ခံပြောကြားခဲ့သည်။ သို့ဆိုလျှင် ကမ္ဘာ့ ဘဏ်များရှိ မြန်မာအမည်ပေါက်
ငွေစာရင်းများသည် ပုဂ္ဂလိက ပိုင်ငွေစာရင်းများဖြစ်သည်ဟု ယူဆဖွယ်
ဖြစ်ပေသည်။ ထိုငွေများသည် ပြည်တွင်းပုဂ္ဂလိက ငွေရှင် ကြေးရှင်ကြီးများ
လျှို့ဝှက်အပ်နှံငွေစာရင်းများဖြစ်သည်ဟုလည်း တွေးယူနိုင်ဖွယ် ရှိပေ
သည်။စစ်အာဏာရှင်အစိုးရများလက်ထက်က ရွက်ပုန်းသီးပေါ်ပေါက်
ခဲ့သည့် ငွေကြေး ဆိုင်ရာမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ ငွေကြေးခဝါချ
မှုများ၊ ပြည်ပကဲ့ထုတ်သိုဝှက် ငွေများစသည်တို့သည် စစ်အာဏာရှင်မိသား
စုများနှင့် ခိုးဖော်ဆိုးဖက်များနှင့်၊ စား ဖော်ဝါးဖက်များစသည့် အရပ်အခေါ်
ငတက်ပြားဂိုဏ်း၏ လက်ချက်များလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။

တဆက်တည်းပင် လက်ရှိအစိုးရ၏ နှီးနွယ်ပတ်သက်မှုရှိမရှိဆို
သည့် အချက်သည်လည်း ပြည်သူ လူထု၏ သံသယစက်ဝန်း၌ ကျရောက်
လျက်ရှိပေသည်။ ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာ အစိုးရပိုင်းတာဝန်ရှိ
သူများသည် ဤပြဿနာကို ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူလူထု
အား အခိုင်အမာ အတိအကျဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိနေပြီဟု
ယူဆပေသည်။

အယ်ဒီတာ အာဘော်
အတွဲ (၂ ) အမှတ် (၃၈ ) တနင်္လာနေ့ ၊ ၃၀ - ၉ - ၂၀၁၃

From - D-wave

No comments:

Post a Comment

Note: Only a member of this blog may post a comment.