သတင်းနှင့်နည်းပညာများ

10/9/13

ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာလေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှ သွားရောက် ဖြေရှင်းခဲ့ရ


ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာလေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှ သွားရောက် ဖြေရှင်းခဲ့ရ
========================================
ဦးတင်လှိုင် ၊ ငယ်ထွေး (ကလေး)
========================================
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ကာရာအိုကေဆိုင်ကို ပိတ် သိမ်းခဲ့သည့် ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ် မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက်ထိန်းသိမ်းဖြေ ရှင်း ပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေ ဝမ်းစားသောက်ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ် မ ဟုတ်မေးမြန်းရာတွင် စခန်းမှူး က စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

''လေတပ်စခန်းက တပ်သား တွေလာပြီး ပြဿနာရှာသွားတယ် ဆိုတာ ဟုတ်ပါတယ်။ သူတို့ကို တပ်ထိန်းတပ်ဖွဲ့က စစ်စည်းကမ်း နဲ့အညီ အရေးယူသွားမယ်လို့ပြော သွားပါတယ်''ဟု အောက်တိုဘာ ၅ရက်က ဆက်သွယ်မေးမြန်းမှု ကို မိတ္ထီလာအမှတ်(၃)ရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြော သည်။

မိတ္ထီလာမြို့နယ် တပ်ထိန်း ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးဟန်ထွန်းက ''အမှတ်(၃) ရဲစခန်းမှာ ပြဿနာ ဖြစ်နေတယ်ကြားလို့ ကျွန်တော် တို့ တပ်ထိန်းအဖွဲ့က သွားရောက် ထိန်းသိမ်းဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်စည်း ကမ်းနဲ့ အရေးယူနိုင်ဖို့အတွက် ခုံ ရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု ပြောသည်။

ယင်း ပြဿနာဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရဲစခန်း နယ်နိမိတ် အတွင်း တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကို တပ်မတော်လေ တပ်စခန်းမှ တပ်သားများက အကျီ င်္ ဆွဲခြင်း၊ မချေမငံ ဆက်ဆံခြင်းများသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းအခြေအနေများ ဖြစ် ပေါ်ခဲ့သည့် တပ်သား ၁၁ဦးကို မိတ္ထီလာတပ်နယ် တပ်ထိန်းတပ်ဖွဲ့ မှ ဗိုလ်မှူးကြီးတစ်ဦးကဦးဆောင် ကာ ထိန်းသိမ်းခေါ်ဆောင် သွား ပြီး စစ်စည်းကမ်းနှင့်အညီအရေး ယူမည်ဖြစ်ကြောင်း သိရသည်။

Credit By - http://goo.gl/hvCiHF

No comments:

Post a Comment

Note: Only a member of this blog may post a comment.