သတင်းနှင့်နည်းပညာများ

10/9/13

ရန်ကုန် ဘူတာကြီးအား အထပ်မြင့် လူနေအိမ်ခန်းအဖြစ် အဆင့်မြှင့်ဆောက် လုပ် ရန် ကမ်းလှမ်းမှုများရှိ

ရန်ကုန် ဘူတာကြီးအား အထပ်မြင့် လူနေအိမ်ခန်းအဖြစ် အဆင့်မြှင့်ဆောက် လုပ် ရန် ကမ်းလှမ်းမှုများရှိ
===================================
သော်ဇင်ထက်
===================================
ရန်ကုန် ၊ အောက်တိုဘာ ၈ ။ ။ ရန်ကုန် ဘူတာကြီးအား အထပ်မြင့် လူနေ အိမ်ခန်း အဆောက်အအုံအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ရန် လာရောက်ကမ်းလှမ်းမှုများ ရှိ ကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်း ဌေးက ''ရန်ကုန်ဘူတာကြီးကိုအ ထပ်မြင့် အဆောက်အအုံတွေ ဆောက်ပြီး အဆင့်မြှင့်တင်ဖို့လာ ရောက်ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေ အများအပြားရှိပါတယ်။ ဒီဘူတာ ကြီး အဆင့်မြင့်အဆောက် အအုံ က comprehensive resident ဖြစ် လာမယ်။ ဒီကလူတွေက ရထား ကိုပဲ စီးပြီးသွားကြမယ်။ အဲ့ဒီအထိ ကို ရည်မှန်းထားကြပါတယ်''ဟု အထူးအဲကွန်းမြို့ပတ်ရထား ပြေး ဆွဲမည့် အစီအစဉ်နှင့်ပတ်သက် ပြီး စခန်းသာဧည့်ဂေဟာ၌ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပြည်သူများ အတွက် ငွေကြေးများ အရှုံးခံကာ ပြေးဆွဲပေးနေခြင်း ဖြစ်သည့်အတွက် အဆိုပါအရှုံး ကိုကာမိစေရန် မီးရထားပိုင်မြေ နေရာများနှင့် အဆောက်အအုံ များကို ပုဂ္ဂလိကကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်မှုများ ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ယင်းက ''တစ်နိုင်ငံလုံး ရထားခရီးစဉ်ပေါင်း ၄ဝဝခန့်ရှိ ပေမယ့် အမှန်တကယ် အကျိုးအ မြတ်ရှိတဲ့ခရီးစဉ်က ၁ဝခုတောင် မပြည့်ဘူး။ ဒီလိုအရှုံးခံပြီးပြေး ဆွဲ ပေးနေရတော့ မပြေးဘူးလားဆို တော့ မပြေးလို့မရဘူး။

ရထား ပြေးဆွဲခြင်း က နိုင်ငံတကာမှာလဲ အရှုံးခံပြီး ပြေးတယ်ဆိုတာသိရ တယ်။ အကြံပြုချက်တွေကို အ ကုန်လုံး မလုပ်နိုင်သေးပေ မယ့် နောက် ပိုင်းတော့ တဖြည်းဖြည်း လုပ် သွားမှာပါ''ဟု ပြောသည်။

ရန်ကုန်ဘူတာကြီးသည် ဧက၇ဝကျော် ကျယ်ဝန်းကြောင်း၊ လူနေအိမ်ရာ များ ဖြစ်လာပါက ရထားဘူတာများကို အဆင့်မြှင့် တင်ခြင်းက ရထားကိုဗဟိုပြုပြီး သွားလာသည့်စနစ်တစ်ခု ဖြစ်လာ မည်ဖြစ်ကြောင်း ယင်းက ပြော သည်။

News Link=>http://goo.gl/A4GYXh

No comments:

Post a Comment

Note: Only a member of this blog may post a comment.