သတင်းနှင့်နည်းပညာများ

10/9/13

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား

လက်ရှိ အခြေအနေမှာ ဦးသန်းရွှေ တစ်ယောက် စစ်တပ်ထဲမှာ အာဏာ ကျဆင်းနေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောကြားခဲ့ပါတယ် ၊

အဘက တပ်ထဲမှာ ဟိုလူကြီးတစ်ယောက် အခြေအနေ မကောင်းတော့ ဘူး ဆိုတာ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြန်ထွက်လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီးလို့ပဲခေါ်တာပါ ၊

ကျနော်တို့ အုပ်စုကိုလည်း ဝင်မပါကြဖို့ ခပ်ဝေးဝေးနေကြဖို့ ပြောထားပါတယ် ၊

ကိုယ်လုပ်ခဲ့တဲ့ စေတနာတွေ ပြန်အကျိုးပေးတဲ့ အချိန်နဲ့ ကံဇာတာ နိမ့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေရင် ဘယ်ယတြာမှ မစွမ်းတော့ ဘူးလို့လဲ အဘကပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဲဒီ ဦးသန်းရွှေ ရဲ့ မွေးနေ့ မွေးရက် မွေးတဲ့ အချိန်တွေကို အဘက အမှန်ကို သိထားပါတယ် ၊ ဦးသန်းရွှေ က သူ့မွေးနေ့ မွေးရက် မွေးချိန်တွေကို ဘယ်သူ့ကိုမှ အမှန်ပြောလေ့မရှိပါဘူး ၊ ဦးသန်းရွှေက သူ့ကို နေရာပေးခဲ့တဲ့ ဦးနေဝင်းကိုတောင်မှ

အမှန်မပြောခဲ့ပါဘူး ၊ အဘလည်း နေအိမ်အကျဉ်းမကျမှီကမှ ဦးသန်းရွှေရဲ့ မွေးနေ့ မွေးရက် မွေးချိန်အမှန်တွေကို သိခဲ့ရတယ်လို့ ပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဘက ကျနော်တို့ အားလုံးကို ဒီ ရက် ၉၀ အတွင်း ၊ တိတိကျကျပြောမယ်ဆိုရင်ပေါ့လေ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာပြည်ပြည်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုဖြစ်လိမ့်မယ်လို့ပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဘပြောတဲ့ ရက် ၉၀ နဲ့ ဦးသန်းရွှေ ကံဇာတာနိမ့်နေတဲ့ ရက် ၉၀ က လာတူနေတာကို သတိပြုမိပါတယ် ၊

ဟုတ်ကဲ့ ကျနော်လည်း ဒီရက် ၉၀ အတွင်း အိမ်မပြန်ပဲ တစ်နေရာရာမှာ ရှောင်နေတာ အကောင်းဆုံးပါပဲ ၊ ကျနော့်လိုပဲ ကျနော်တို့အုပ်တွေ အိမ်တွေမှာ မရှိကြတော့ပါဘူး ၊ အဘလက်ရင်း မဟုတ်တဲ့သူ တွေကတော့ အိမ်တွေမှာ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမယ့်

သူတို့လည်း ဒီသတင်းရရင် အိမ်တွေမှာ မရှိနေဖို့ကများပါတယ် ၊

ကျနော်တို့က အချင်းအချင်းတော့ အဆက်အသွယ်ရှိပါတယ် ၊

ဖွဲ့စည်းပုံပြင်တာကိုလည်း ကျနော်တို့ထောက်ခံပါတယ် ၊ အဘကိုယ်တိုင်လည်း ဖွဲ့စည်းပုံပြင်တာကိုထောက်ခံတဲ့သဘောနဲ့ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာဖြစ်ပါတယ် ၊

ကျနော်ပြောတာက ဖွဲ့စည်းပုံကို ပြင်တာပဲထောက်ခံတယ် အသစ်ရေးတာကို မထောက်ခံဘူးလို့ပြောတာမဟုတ်ပါဘူး ၊ ပြင်ပြင် အသစ်ပဲရေးရေး ဒါဟာ ပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ် ၊ အဘက ဘယ်နေရာမှ ဝင်မပါဖို့ ပြောထားပါတယ် ၊

ဝင်မပါရဘူးဆိုတာ အေးအတူပူအမျှ မရှိဘူးလို့ပြောတာမဟုတ်ပါဘူး ၊ နဂိုကတည်းကမှ ရှိသမျှအပြစ်တွေကို ကျနော်တို့အပေါ် ပုံချချင်နေကြတာ ၊ ကျနော်တို့ အနေတတ်မှ တော်ကာကျမယ် ဆိုတဲ့သဘောမျိုးပြောတာပါ ၊ မြန်မာပြည်သူတွေအတွက် တကယ့်

အရေးဆိုရင် ဝင်ပါဖို့ အဘကိုယ်တိုင်က အမိန့်ပေးပါလိမ့်မယ် ၊

ဟုတ်ပါတယ် ၊ ဒီပဲရင်း အရေးတုန်းက သေဆုံးသွားတဲ့သူတွေ စာရင်းထဲမှာ ကျနော်တို့ ထောက်လှမ်းရေးတပ်ကလည်း ပါပါတယ် ၊

ဦးခင်ညွန့် အနီးကပ် တပည့်ဟောင်း တစ်ဦးနှင့် တယ်လီဖုန်းမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည် ၊ ကာယကံရှင်၏ တောင်းဆိုချက်အရ နာမည်နှင့် တယ်လီဖုန်း နံပါတ်ကို မဖော်ပြတော့ပါ ၊

မိသားစုလုံခြုံရေးကို အာမခံချက်ပေးလျှင် ဦးသန်းရွှေအကြောင်း ဖွင့်ချရန် အဆင်သင့်ရှိသော အငြိမ်းစား တပ်မတော် အရာရှိများ ရှိနေပြီဖြစ်ကြောင်းကို မကြာသေးခင်ကာလက အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့်မှ ပြောကြားခဲသေးသည်။

From - Hawdeka Khalaylay

No comments:

Post a Comment

Note: Only a member of this blog may post a comment.