သတင်းနှင့်နည်းပညာများ

10/10/13

"မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပေါ်ရှိ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း မှု ကြီးဖြစ်ပွား"


"မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပေါ်ရှိ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း မှု ကြီးဖြစ်ပွား"
========================================
မုံရွာမြို့၏ အထင်ကရ လမ်းမကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး
ဘေးတွင် ဖွင့်လှစ်ထားသော ပေါ်ဦးရွှေရတနာဆိုင် အား ယနေ့(9-10-2013) နေ့ နံနက်ပိုင်းတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာတွင် ကျပ်သိန်း(၅၀၀)နီးပါးခန့်ရှိသော ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှုင်းရေးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦး မှ သလ္လာဝတီတိုင်းမ်ကို အတည်ပြုပြောကြားခဲ့ပါသည်။
"ဖောက်ထွင်းခံရတာကတော့ နံနက်ပိုင်းမှာသိရတယ်ဆိုပြီး မုံရွာမြို့ မြို့မ ရဲစခန်း ကနေတက်လာတဲ့ ကြေးနန်းစာမှာပါတယ်။ ကောင်တာမှာချိတ်ဆွဲ ထားတဲ့ ရွှေဆွဲကြိုးတွေ အများဆုံးပါသွားတယ်။ ဖောက်ထွင်းမှုမှာပါသွားတဲ့
ရွှေထည် ပစ္စည်းတွေရဲ့ တန်ဘိုးက အတိအကျပြောရရင် (၄၉၈၂၀၀၀၀ိ-/) လို့ သိရတယ်။ အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ဘို့ အတွက် မုံရွာမြို့မရဲစခန်းက အပူတပြင်းကြိုးစားဆောင်ရွက်နေပါတယ်။ "ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူက သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါအမှုအား မုံရွာမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်ဇော်လတ် မှ အမှုစစ်အဖြစ်လိုက်ပါဆောင်ရွက်ပြီး (ပ)၅၄၄/၂၀၁၃ ပစ်မှု ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်
လျှက်ရှိကြောင်းလည်းသိရပါသည်။

ယခုကဲ့သို့ အမှုများပေါ်ပေါက်ရခြင်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက် သည့်အတွက် ဖြစ်ကြောင်း မုံရွာခရိုင်အတွင်း သာမက စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးနီးပါးတွင် ရဲစခန်းတစ်ခု၏ ဖွဲ့စည်းပုံပြည့်မှီ
သော ရဲတပ်ဖွဲ့ဝင်အင်းအားမရှိသည့်အတွက် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းများ အင်အားနည်းပါးရသည့်အတွက် ယခုလို အမှုများအား ကြိုတင်ကာကွယ်နိုင်ခြင်းမရှိကြောင်း တစ်ကယ်တန်းသာ တပ်ဖွဲ့ဝင် အင်အား သတ်မှတ်ချက်ပြည့်မှီပါက ညဦးပိုင်းလှည့်ကင်း ညနက်ပိုင်းလှည့် ကင်း နံနက်ပိုင်းလှည့်ကင်း ဆိုပြီး ထားရှိနိုင်ပါမှ ပြည်သူ့ကိုလုံခြုံမှုပေးနိုင် မှာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၇ဲအရာရှိတစ်ဦး မှ ပြောပါသည်။
အခုလက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တွေ့ကြုံနေရတာက နေ့ခင်းဘက် မှာလည်း ဒီရဲတွေဘဲ အလုပ်တာဝန်ထမ်းဆောင်ရတယ် ညပိုင်းမှာလည်း ဒီရဲတပ်ဖွဲ့ဝင်တွေဘဲ တာဝန်ထမ်းဆောင်နေရတယ် ဒီကြားထဲမှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေး ၊ အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းလုံခြုံရေး ၊ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကအစ ၀င်ပါနေရတော့ ဘယ်လိုလုပ်ပြီး ပြည်သူအတွက် လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နိုင်တော့မှာလဲ ကင်းလှည့်ရပြန်တော့လည်း
ဆိုင်ကယ်ဆီဘိုးကအစ ကိုယ်ဆီနဲ့ကိုယ် ကင်းလှည့်နေကြရတယ် လိုလည်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိငယ်တစ်ဦးက သလ္လာဝတီတိုင်းမ်ကို ပြောပါ တယ်။

Credit By - ThanLarWaddy Times
=========================================
"မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ပေါ်ဦးရွှေဆိုင်အား တွေ့မြင်ရပုံ"


No comments:

Post a Comment

Note: Only a member of this blog may post a comment.