သတင်းနှင့်နည်းပညာများ

10/9/13

"ခေတ်ပညာတတ်"

"ခေတ်ပညာတတ်"


စိုက်ပျိုးရေးဘွဲ့ရ လူငယ်တစ်ယောက်ဟာ သူတတ်ထားတဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ဖြန့်ဝေဖို့အတွက် တောနယ်ဘက်ကို ဆင်းလာသတဲ့

စိုက်ကွင်းတနေရာကိုရောက်တော့ ဦးကြီးတစ်ယောက်ကိုတွေ့တာနဲ့ ပြောတယ်... ...

"ဦးကြီးရဲ့ စိုက်ပျိုးရေးနည်းတွေဟာ ခေတ်မမှီတော့ဘူး၊ ပိုကောင်းတဲ့နည်းတွေကို ကျနော် သင်ပေးမယ်"

"ကောင်းတာပေါ့ကွာ"

"ကျနော်သင်ပေးတဲ့ နည်းကိုသုံးပြီးသာစိုက်၊ ဦးကြီးရဲ့ ဒီဂေါ်ဖီထုပ်တွေဟာ တစ်ထုပ်ကို တစ်ပိဿခွဲလောက်ထိ ကြီးလာစေရမယ်လို့ အာမခံတယ်"

"ငါတော့ မထင်ပါဘူးကွာ"

"ဘာလဲ၊ ဦးကြီးက ကျနော့်ပညာကို မယုံလို့လား၊ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်းပါဗျ"

"ပညာကိုတော့ ယုံပါတယ်ကွာ၊ ဒီအပင်တွေကို မယုံတာပါ"

"ဘာလို့လဲ"

"ဒါ ဆေးရွက်ကြီးပင်တွေကွ"

"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment

Note: Only a member of this blog may post a comment.