သတင်းနှင့်နည်းပညာများ

10/8/13

ဆရာကြီးဦးဂိုအင်ကာ ၏ အရိုးပြာအိုးရေမျောပွဲ


ရန်ကုန် အောက်တိုဘာ ၈

ဆရာကြီးဦးဂိုအင်ကာ ၏ အရိုးပြာအိုးအား ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ၀င်္ကပါလမ်းရှိ ဓမ္မဇောတိ ၀ိပဿ နာရိပ်သာမှ ဗိုလ်တထောင် ဘုရားသို့ သယ်ဆောင်ခဲ့ပြီး ရန်ကုန်မြစ် ပင်လယ်ဝသို့ သွားရောက်ရေမျောခဲ့ကြသည်။

ဆရာကြီး၏ အရိုးပြာအိုးအား မြစ်ကြီးနားရှိ မြစ်ဆုံတွင်လည်းကောင်း ၊မန္တလေး မြို့တွင် ရေတံခွန်တောင်ရိပ်သာသို့ ယူဆောင်သွားမည်ဖြစ်ပြီး သီတဂူဆရာတော် ၏ အစီအစဉ်ဖြင့် ဧရာဝတီမြစ်အတွင်းသို့လည်းကောင်း ၊ ယခု ရန်ကုန်မြစ် ပင်လယ်ဝ တွင်လည်းကောင်း နေရာ သုံးနေရာ ခွဲ၍ မျောသွားမည်ဖြစ်သည်။

"ဒီလိုမျောဖို့ကို အိန္ဒိယကတည်းက သူ့မိသားစုက စီစဉ်ခဲ့ကြတာပါ ။ ကျွန်တော်တို့ ဒီအစီအစဉ်တိုင်းပဲ လုပ်သွားပေးခဲ့တာပါ ၊" ဟု ဓမ္မ္မဇောတိ ၀ိပဿ နာရိပ်သာ ဂေါပက အဖွဲ့ဝင် ဦးထွန်းထွန်းမှ ပြောသည်။

မြစ်ကြီးနားမှာတွင် အောက်တိုဘာ ၉ ရက်နေ့တွင်လည်းကောင်း ၊ မန္တလေးတွင် ၁၀ ရက်နေ့လည်းကောင်း မျောသွားမည်ဟု သိရသည်။



ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

No comments:

Post a Comment

Note: Only a member of this blog may post a comment.