သတင်းနှင့်နည်းပညာများ

10/8/13

အားကစားသမား ၄၇ ဦးပါဝင်သော ထိုင်း စက်ဘီးစီးအဖွဲ့ ထားဝယ်လာမည်


အားကစားသမား ၄၇ ဦးပါဝင်သော ထိုင်း စက်ဘီးစီးအဖွဲ့ ထားဝယ်လာမည်

ထားဝယ်-အောက်တိုဘာ၈
အမျိုးသမီး စက်ဘီးအားကစားသမား ၆ ဦးအပါအ၀င် စက်ဘီးအားကစားသမား ၄၇ ဦးပါဝင်သောထိုင်းစက်ဘီးစီးအဖွဲ့တစ်ဖွဲ့သည်ထိုင်းနိုင်ငံဘန်ကောက်မြို့မှ
စတင်ထွက်ခွာကာ
အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထားဝယ် ထိုင်းနယ်စပ်ရှိ
ဖူနန်လွန် ထီးခီးဒေသ နယ်စပ်စခန်းသို့ ရောက်ရှိ ညအိပ်ရပ်နားမည်ဖြစ်သည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် မေတ္တာမြို့နယ်ခွဲ၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ စက်ဘီးစီးအဖွဲ့သည် ထားဝယ်မြို့သို့ဆက်လက်စီးနင်းလာကာ အောက်တိုဘာ ၁၅ ရက်နေ့တွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်လျက်ရှိသည့် နဘုလယ်ဒေသသို့ရောက်ရှိရပ်နားကာထားဝယ်အပျော်တမ်းစက်ဘီးစီး
အဖွဲ့နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ကို ထိုင်းနိုင်ငံ Thai Mountain Bike Association က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

(ပုံမှာ - ထားဝယ်အပျော်တမ်းစက်ဘီးစီးအဖွဲ့လေ့ကျင့်နေစဉ်)

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.