စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ ပြီဟု
အာဏာပိုင်အသိုင်းအဝိုင်းက သတ်မှတ်ပြောဆိုလာခဲ့သည်မှာ
သုံးနှစ်ကျော်ကာလမျှ ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။ ထိုမျှသော ကာလ
အတွင်း ယင်းအပြောင်းအလဲ၏ တစိတ်တပိုင်းအဖြစ် တပ်မတော်သည် ပါဝင်ပတ်သက်ခဲ့ပေသည်။ စင်စစ်အားဖြင့် တပ်မတော်သည်
ယင်းအပြောင်းအလဲအား အဓိကကဏ္ဍမှ စီမံဖန်တီးခဲ့သော အစိတ်
အပိုင်းလည်း ဖြစ်ပေသည်။
ယင်းဒီမိုကရေစီအပြောင်းအလဲဟုဆို
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တပ်မတော် ခေါင်းဆောင်ပိုင်းသည် ရပ်တည်
ချက်သဘောထားတစုံတရာ တိတိလင်းလင်း ဖော်ထုတ်ခြင်းမပြုခဲ့ ချေ။
သာမန်အားဖြင့် ထိုအပြောင်းအလဲဖြစ်စဉ်၏ အနှစ်အချုပ်
လုပ်ငန်းစဉ်ဖြစ်သော ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ကာကွယ်စောင့်ရှောက်မည်ဟူသော သဘောထားကိုသာ
ထုတ်ဖော်လေ့ရှိခဲ့ပေသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ သွား ရောက်လည်ပတ်ရင်း
ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရာ၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့
ကူးပြောင်းနေပြီဖြစ်၍ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချထား
ပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအောင်မြင်စေရန်
တပ်မတော်ဝိုင်းဝန်းပူးပေါင်းဆော
တည်ငြိမ်မှုကို အာမခံချက်ပေးကြောင်း၊ ပြုပြင်ပြောင်းလဲရေးများ
ဆက်လက်တိုးတက်ရန်သာရှိကြောင်း၊ နောက်ကြောင်းပြန်ဆုတ်ရန် မရှိကြောင်း ပြောကြားခဲ့ပေသည်။
ထိုသတင်းကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပေသည်။ လွန်ခဲ့သော ၂၅နှစ် စစ်တပ်ကအာဏာသိမ်းခဲ့သည့် စက်တင်ဘာ ၁ဂရက်တွင် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်ကို ထုတ်လွှင့်ခြင်းသည် ထူးခြားမှုဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။
ကာကွယ်ရေးဦးစီးချုပ်၏ ထုတ်ဖော်ပြောကြားချက်များသည် လက်ရှိနိုင်ငံရေးအခြေအနေ တွင် အလွန်ထူးခြားလေးနက်သော စကားရပ်များပင် ဖြစ်ပေသည်။
ဤစကားရပ်များသည် ပြည်ပမိတ်ဆွေနိုင်ငံတစ်ခု၏ ခေါင်းဆောင်ပုဂ္ဂိုလ်များအား နားဝင် ပီယံဖြစ်စေအပ်သော သတင်းအဖြစ်မျှလည်းကောင်း၊ ပြည်တွင်းပြည်သူလူထုအား သတင်းအသိ ပေးသော ဖြစ်စဉ်ဖြစ်ရပ်အဖြစ်မျှလည်းကောင
တပ်မတော်၏ နိုင်ငံရေးရပ်တည်ချက်နှင့် တပ်မတော်၏
နိုင်ငံရေးအာမခံချက်အဖြစ် ပြည် သူတို့၏ ယုံကြည်စိတ်ချမှုကို
တည်ဆောက်နိုင်ရေးအတွက် ပိုမိုကျယ်ပြန့်သော တရားဝင်ကျေညာ
ချက်အဖြစ်ထုတ်ပြန်ရန် တိုက်တွန်းလိုပေသည်။
အယ်ဒီတာ အာဘော်
အတွဲ (၂ ) အမှတ် (၃၇ ) တနင်္လာနေ့ ၊ ၂၃ - ၉ - ၂၀၁၃
From - D-wave
No comments:
Post a Comment
Note: Only a member of this blog may post a comment.