10/9/13
အမေဇုန်အွန်လိုင်းစတိုးမှာ လူကြိုက်များတဲ့ Toilet Speaker
အမေဇုန်အွန်လိုင်းစတိုးမှာ လူကြိုက်များတဲ့ Toilet Speaker
=================================
ခွန်နေ(AMMG)
ဘိုထိုင်အိမ်သာခွက် သဏ္ဍာန်ဖန်တီးထားတဲ့ စပီကာပါ။ ဒီဇိုင်းအရ ရယ်ချင်စ ဖွယ်ကောင်းတယ်ဆိုပေမယ့် ဝယ်ယူသူတွေအကြိုက်တွေ့နေသလို အရည် အသွေးပိုင်း အကောင်းမွန်ဆုံး ဖန်တီးထားတယ်လို့ဆိုပါတယ်။
Apple ကထုတ်တဲ့ iPods,iPhones တွေအတွက်သာ ချိတ်ဆက်အသုံးပြုလို့ အဆင်ပြေစေမှာဖြစ်ပြီး Sd Card နဲ့နားဆင်အသုံးပြုမယ်ဆိုလည်း အဆင်
ပြေစေမှာပါ။ ပြီးတော့ Pc နဲ့လည်းတွဲဖက်ချိတ်ဆက်အသုံးပြုလို့လည်း ရပါ
သေးတယ်။
ဘိုထိုင်အိမ်သာလို အဖုံးကိုအဖွင့်အပိတ်အသုံးပြုလို့ အဆင်ပြေစေမှာ ဖြစ်ပြီး
စပီကာကိုတော့ အဖုံးရဲ့ အထဲမှာထည့်သွင်းပေးထားပါတယ်။ USB အားသွင်း စနစ်ဖြစ်တဲ့ အဆိုပါစပီကာဟာ အသံအား 3W အထိစွမ်းဆောင်ပေးနိုင်ပါ တယ်။ အဲဒီ အတွက်ကျသင့်မယ်ဈေးက အမေရိကန် ဒေါ်လာ ၁၄.၉၉ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံတကာမှာ ဈေးဝယ်အသုံးပြုလို့ရတဲ့ Credit Card သို့မဟုတ် ပြည်တွင်း
ဝန်ဆောင်မှုအချို့ကနေလည်း ဆက်သွယ်ဝယ်ယူလို့ အဆင်ပြေစေမှာပါ။
Ref:Amazon
Credit By - Guide Magazine
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.