သတင်းနှင့်နည်းပညာများ

10/9/13

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကို ယနေ့ဖွင့်လှစ်လိုက်ပြီ

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကို ယနေ့ဖွင့်လှစ်လိုက်ပြီ


Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယနေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေငြာလိုက်သည်။

ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရုရှားတွင် သွားရောက်ယှဉ်ပြိုင်စဉ်ကာလတွင် ပြိုင်ပွဲ အကြောင်းအရာများ၊ ဓာတ်ပုံများကို သူမကိုယ်တိုင် တင်ပေးသွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်းသိရသည်။

သူမ၏ နာမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်များစွာပေါ်ထွက်နေပြီး ထိုအကောင့်များအားလုံးသည် သူမသုံးစွဲခြင်းမဟုတ်ဘဲ ယနေ့ဖွင့်သော အကောင့်ကိုသာ တရားဝင် သုံးစွဲမည်ဖြစ်ကြောင်း မိုးစက်ဝိုင်က အောက်တိုဘာလ ၇ရက်က Park Royal Hotel တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ် ဖွင့်လှစ်ပြီး ၃၇မိနစ်အတွင်း Like လုပ်သူ ၅,၀၀၇ယောက် ရှိလာခဲ့သည်။ သူ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ Moeset Wine https://www.facebook.com/missuniversemyanmarmoesetwineဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.