သတင်းနှင့်နည်းပညာများ

10/10/13

တရုတ်နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး အလွဲသုံးစားမှု၊ အာဏာအလွဲသုံးမှုတို့နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရတဲ့ ထိပ်တန်း ပါတီ ခေါင်းဆောင်ဟောင်းဖြစ်သူ ဘိုရှီလိုင်ရဲ့ အယူခံ


တရုတ်နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး အလွဲသုံးစားမှု၊ အာဏာအလွဲသုံးမှုတို့နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရတဲ့ ထိပ်တန်း ပါတီ ခေါင်းဆောင်ဟောင်းဖြစ်သူ ဘိုရှီလိုင်ရဲ့ အယူခံကို ကြားနာမယ်လို့ တရားရုံးက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာအတွင်း နိုင်ငံရေးအရ အာရုံစူးစိုက်မှု အခံရဆုံး ဖြစ်ခဲ့တဲ့ ကြားနာ စစ်ဆေးမှုအရ သူ့မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လက ဆုံးဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မနှစ်က ဖမ်းဆီးမခံရခင်မှာ ဘိုရှီလိုင်ဟာ တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီရဲ့ ထိပ်ဆုံးခေါင်းဆောင် ရာထူးနေရာကို တိုးမြှင့်ပေးခံရလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။

မစ္စတာ ဘိုရှီလိုင်းရဲ့ အယူခံကို ရှန်ဒုန်း Shandong တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။

သတင်းထောက်တွေကတော့ သူ့အမှုမှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိသလောက် နည်းပါးတယ်လို့ ပြောနေကြပါတယ်။

http://www.bbc.co.uk/burmese/world/2013/10/131009_bo_xilai.shtml

No comments:

Post a Comment

Note: Only a member of this blog may post a comment.