သတင်းနှင့်နည်းပညာများ

10/7/13

"လူပါးဝတဲ့ မိန်းမ"


"လူပါးဝတဲ့ မိန်းမ"

ဇနီးဖြစ်သူ မကျန်းမမာဖြစ်ပြီး အိပ်ရာထဲ လဲနေပါလေရော
နေမကောင်းဖြစ်နေတာ တစ်လလောက်ထိ ကြာလာတော့ ခင်ပွန်းဖြစ်သူကို ခေါ်ပြောတယ်... ...

"ယောက်ျား၊ ကျမ ရှင့်ကိုသနားတယ်"
"ဘာလို့လဲ ဟ"

"ကျမက နေမကောင်းဖြစ်နေတော့ ရှင့်မှာ တစ်ယောက်ထဲ အိပ်နေရတာကိုး"
"ရပါတယ်ကွာ"

"ရော့... ဒီမှာ ၁၅ ဒေါ်လာယူသွား"
"ဘာလုပ်ဖို့လဲ"

"ဟိုဘက် အိမ်က အရပ်ရှည်ရှည်နဲ့ မိန်းမကို သိတယ်မလား"
"အင်း... သိတယ်"

"သူ့ကို ဒီ ၁၅ ဒေါ်လာပေးပြီး၊ သူနဲ့ တစ်ည သွားအိပ်လိုက်၊ ဒီ တစ်ညပဲနော်၊ နောက်တခါ ခွင့်မပြုနိုင်ဘူး"

ယောက်ျားဖြစ်သူလည်း အံ့သြတကြီး ဖြစ်သွားတယ်
ဒါနဲ့ သူ့မိန်းမ စိတ်မပြောင်းခင် ပိုက်ဆံကို ဆွဲယူပြီး ဘေးဖက်အိမ်ကို ပြေးတာပေါ့

ခဏနေတော့ စိတ်ပျက်တဲ့ အမူအရာနဲ့ ပြန်ရောက်လာတယ်
မိန်းမက ဆီးမေးတယ်... ..

"ဘယ်လိုလဲ၊ ညမအိပ်ပဲ ဘာလို့ ပြန်လာတာလဲ"
"သူက ၁၅ ဒေါ်လာ နဲ့ လက်မခံဘူး၊ ဒေါ်လာ ၆၀ ပေးရမယ်တဲ့"

ဒီတော့ လူမမာ မိန်းမက ဒေါသတကြီးအော်တယ်... ...

"ဘာ... ကောင်မ၊ လူပါးဝတယ်"
"ဘာဖြစ်လို့လဲ"

"သူနေမကောင်းတုန်းက ကျမ ၁၅ ဒေါ်လာပဲ ယူခဲ့တာ"
"ဟေ..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment

Note: Only a member of this blog may post a comment.