သတင်းနှင့်နည်းပညာများ

10/10/13

ဂျပန်နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံက ထွက်တဲ့ ဓာတ်ရောင်ခြည်ကို စက်ရုံအလုပ်သမား ၆ ယောက်က မတော်တဆ ထိတွေ့


ဂျပန်နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံက ထွက်တဲ့ ဓာတ်ရောင်ခြည်သင့်နေတဲ့ ရေတွေကို စက်ရုံအလုပ်သမား ၆ ယောက်က မတော်တဆ ထိတွေ့မိသွားခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ဟာ ပိုက်လိုင်းကို မှားယွင်းပြီး ဖြုတ်ခဲ့မိတဲ့ အတွက် ဖြစ်ပါတယ်။

အဲဒီ ပိုက်ထဲမှာ ပျက်စီးသွားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို အအေးပေးရာမှာ သုံးတဲ့ ဓာတ်ရောင်ခြည်သင့် ရေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီပြဿနာကို တစ်နာရီနီးပါး ကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအကြိမ်ဟာ သီတင်းတစ်ပတ်အတွင်း လူရဲ့ အမှားကြောင့် ဖြစ်ရတဲ့ ၃ ခု မြောက် ပြဿနာ ဖြစ်ပြီး စက်ရုံလည်ပတ်ရေး တာဝန်ယူရတဲ့ Tokyo Electric Power Company ကို ဝေဖန် ပြောဆိုမှုတွေ ပိုမို ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က မြေငလျင်ကြောင့် ဆူနာမီ ဒီလှိုင်းကြီး ဖြစ်ခဲ့ရာမှာ ဖူကူရှီးမား နျူကလီးယားစက်ရုံကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/world/2013/10/131009_japan_nuclear.shtml

No comments:

Post a Comment

Note: Only a member of this blog may post a comment.