သတင်းနှင့်နည်းပညာများ

10/10/13

လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများ၏ လေ့လာရေးခရီးစဉ်


လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများ၏ လေ့လာရေးခရီးစဉ်
-------------------------- ******** -----------------------------

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဦးစီး၍ လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများ သွားရောက်လေ့လာနိုင်ရန်အတွက် ၂၀၁၃ခုနှစ်၊ အောက်တိုဘာ(၇) ရက်နေ့ မနက်(၇း၀၀)နာရီတွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရုံးချုပ်မှ

စတင်ထွက်ခွာခဲ့ကြပြီး ညနေ (၃း၃၀)နာရီတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိခဲ့ကြပါသည်။ ထို့နောက် (၅း၀၀)နာရီတွင် မသန်စွမ်းသူများအား အပန်းဖြေလေ့လာရေးခရီးအဖြစ် နေပြည်တော် - ရေပန်းဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့သည်။

၂၀၁၃ခုနှစ်၊ အောက်တိုဘာ(၈) ရက်နေ့ မနက်(၈း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများအား လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပြီး နေ့လည် (၁၂း၃၀)နာရီခန့်တွင် လွှတ်တော်မှ ပြန်လည် ထွက်ခွာလာပြီး နေ့လည်စာစားပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီရုံးချုပ်သို့ သွားရောက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ၏ဒုတိယဥက္ကဋ္ဌဦးဌေးဦးအား မသန်စွမ်းသူများမှ သွားရောက်ဂါရ၀ပြုပြီး ညနေ (၃း၀၀)နာရီတွင် နေပြည်တော်မှ

ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့ပါသည်။ လေ့လာရေးခရီးတွင် မသန်စွမ်းအဖွဲ့အစည်းများဖြစ်သော မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်း၊ အော်တစ်ဇင်အသင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရန်ကုန်ရုံးချုပ်၊

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) မင်္ဂလာဒုံရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရွှေပြည်သာရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ကျိုက်ထိုရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) မန္တလေးရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) နေပြည်တော်-

ပျဉ်းမနားရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဟင်္သာတရုံး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်ရုံး၊ DPDO ၊ ပြင်ဦးလွင် ပရဟိတ မျက်မမြင်ကျောင်း စသည့် အဖွဲ့အစည်းများမှ မသန်စွမ်းသူများ လိုက်ပါခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၁၀၀)ခန့်

ပါဝင်ခဲ့ကြပါသည်။

Credit By - MayZin Aung

No comments:

Post a Comment

Note: Only a member of this blog may post a comment.