တောင်ကြီးမြို့တွင် ဗိုလ်ကြီး အဖြစ် ဟန်ဆောင်လိမ်ညာသူတစ်ဦး ဖမ်းဆီးရမိ
တောင်ကြီးမြို့ တွင် ဗိုလ်ကြီးအဖြစ်ဟန်ဆောင်လိမ်ညာသော သူတစ်ဦးဖမ်းဆီးရမိကြောင်း သိရသည်။
အမည် - မောင်အောင်ကျော်မျိုး၊
အသက်(၂၆)နှစ်
အဖအမည် - ဦးမျိုးသန်း
အမိအမည် -ဒေါ်ခိုင်သဇင်
နေရပ်လိပ်စာ- ညောင်ကုန်းကျေးရွာ၊ မိတ္ထီလာမြို့။
7-10-2013 ရက်နေ့တွင် တောင်ကြီးမြို့၊ ရွှေညောင်ဘူတာတွင် တာဝန်ကျ တပ်မတော် တပ်ထိန်းအဖွဲ့ မှ မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးစဉ် အရာရှိအတု အရောင်ဆောင် ထားကြောင်း သိရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ရွှေညောင် ရဲစခန်းသို့ လွဲအပ်ခဲ့ရာ တာဝန်မှူး ဒုရဲအုပ် ထွန်းအေးမှ ရဲအရေးမပိုင်မှု အမှု အမှတ်စဉ်(၂/ ၂၀၁၃)၊ ပုဒ်မ(၁၄၀)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ အနှံ့ အပြားရှိမြို့ ၊ရွာအချို့ တွင် တပ်မတော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေ လိုခြင်းငှာ တပ်မတော် သားများအဖြစ် ဟန်ဆောင်ကာ အမျိုးမျိုးလိမ်လည်လှည့်ဖြားမှုများ ရှိနေခြင်းကြောင့် ပြည်သူ များအနေဖြင့် ထိုကဲ့သို့ အတုအယောင်များအဖြစ် သံသယရှိလျှင် နီးစပ်ရာတပ် စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
မြန်မာ့သတင်း

No comments:
Post a Comment
Note: Only a member of this blog may post a comment.